ဆရာႀကီး ဦးရာဇိႏၵ
သာသနာ သကၠရာဇ္ ၂၅၁၂-ခု၊ ေကာဇာ သကၠရာဇ္ ၁၃၃၀ ခုႏွစ္
ထြက္ရပ္ေပါက္မွာတမ္း
(မီးရထားသံုးေခါက္၊ ခုႏွစ္ဆယ့္ငါးေယာက္)၊ သတင္းေထာက္ အင္းေပါက္တဲ့ ေရႊေညာင္ရြာ၊ ရထားက ဒီဇယ္မွာ၊ စီးသူခုႏွစ္ဆယ့္ငါး သိဒၶိအင္းေပါက္လို႔သြား
"မွတ္ပါရစ္ေစ၊ မွာကဲ့ေပအံ့၊ ရေထသဘ၊ ရာဇိႏၵဟု သက်ႏြယ္လာ မ်ိဳးဥဂၢါမွ ဘြားကာပြင့္ထ ေဂါတမဟု နာမသညာ ေစာျမတ္စြာ၏ သာသနာသကၠရာဇ္ တ၀က္ေခတ္၌ ဆယ့္ႏွစ္စြန္းလာ ႏွစ္ေကာဇာကား ဧကႀတိန္း တႎသကိန္းတင္ လြတ္ၿငိမ္းခ်မ္းသာ အင္းရာဇာ၏ စိႏၲာမယ ဂိုဏ္းေတဇေၾကာင့္ ဒါန္းလွ-ေတာ္ရင္း မိတ္ဓာတ္ခ်င္းမို႔ ေအာင္ခ်င္းမဂၤလာ ထြက္ေျမာက္ရာ၀ယ္ ေနာက္ပါႏွစ္ဦး ပစၥည္းထူးေၾကာင့္ ၾကည္ႏူးရႊင္ပ် သဟဇႏွင့္ ဥပနိႆယာ ေၾကာင္းႏွစ္ျဖာကို မွန္စြာမူရင္း ေဖာ္ထုတ္ျခင္းေၾကာင့္ ဆင္မင္းနဂါး ႂကြက္သားေမာင္ငယ္ ထြက္ရပ္ဆြယ္လ်က္ မွတ္ဖြယ္မီးရထား ေခတ္ဟုထား၍ ေနာက္သား-ေနာင္လာ သိစိမ့္ငွါဟု ေသခ်ာက်န ေရး၍ျပမည္ ၀,ယ,မ,ပ ေလးဆင့္က်ေအာင္ ေစာင့္ထသီလ န၀ဂၤႏွင့္ စားၾကသက္လြတ္ ေမတၱာၫႊတ္၍ မခၽြတ္နိစၥ အာဇီ၀ကို လံုၾကေလေအာင္ သတိေဆာင္လ်က္ လူ႔ေဘာင္မွထြက္ ဓိ႒ာန္ခ်က္ျဖင့္ မပ်က္မယြင္း ပစၥည္းအင္းကို မ်ိဳသြင္း၀င္ထြက္ သတ္ဗီႏွက္ တဆက္လက္စိႏၲာ အင္းမဟာကို ေဒ၀ါသိၾကား ျဗဟၼာမ်ားႏွင့္ ၫႊန္ၾကား အရိယာ ေထရ္မဟာ-ေထရ္ျမတ္လွတို႔ ဆံုးမ၍သာ ခ်ီးျမွင့္လာမည့္ ထြက္ရာသိဒၶိေပါက္ေၾကာင္းတည္း"
[Unicode Font]
ဆရာႀကီး ဦးရာဇိန္ဒ
သာသနာ သက္ကရာဇ် ၂၅၁၂-ခု၊ ကောဇာ သက္ကရာဇ် ၁၃၃၀ ခုနှစ်
ထွက်ရပ်ပေါက်မှာတမ်း
(မီးရထားသုံးခေါက်၊ ခုနှစ်ဆယ့်ငါးယောက်)၊ သတင်းထောက် အင်းပေါက်တဲ့ ရွှေညောင်ရွာ၊ ရထားက ဒီဇယ်မှာ၊ စီးသူခုနှစ်ဆယ့်ငါး သိဒ္ဓိအင်းပေါက်လို့သွား
"မှတ်ပါရစ်စေ၊ မှာကဲ့ပေအံ့၊ ရထေသဘ၊ ရာဇိန္ဒဟု သကျနွယ်လာ မျိုးဥဂ္ဂါမှ ဘွားကာပွင့်ထ ဂေါတမဟု နာမသညာ စောမြတ်စွာ၏ သာသနာသက္ကရာဇ် တဝက်ခေတ်၌ ဆယ့်နှစ်စွန်းလာ နှစ်ကောဇာကား ဧကတြိန်း တိံသကိန်းတင် လွတ်ငြိမ်းချမ်းသာ အင်းရာဇာ၏ စိန္တာမယ ဂိုဏ်းတေဇကြောင့် ဒါန်းလှ-တော်ရင်း မိတ်ဓာတ်ချင်းမို့ အောင်ချင်းမင်္ဂလာ ထွက်မြောက်ရာဝယ် နောက်ပါနှစ်ဦး ပစ္စည်းထူးကြောင့် ကြည်နူးရွှင်ပျ သဟဇနှင့် ဥပနိဿယာ ကြောင်းနှစ်ဖြာကို မှန်စွာမူရင်း ဖော်ထုတ်ခြင်းကြောင့် ဆင်မင်းနဂါး ကြွက်သားမောင်ငယ် ထွက်ရပ်ဆွယ်လျက် မှတ်ဖွယ်မီးရထား ခေတ်ဟုထား၍ နောက်သား-နောင်လာ သိစိမ့်ငှါဟု သေချာကျန ရေး၍ပြမည် ဝ,ယ,မ,ပ လေးဆင့်ကျအောင် စောင့်ထသီလ နဝင်္ဂနှင့် စားကြသက်လွတ် မေတ္တာညွှတ်၍ မချွတ်နိစ္စ အာဇီဝကို လုံကြလေအောင် သတိဆောင်လျက် လူ့ဘောင်မှထွက် ဓိဋ္ဌာန်ချက်ဖြင့် မပျက်မယွင်း ပစ္စည်းအင်းကို မျိုသွင်းဝင်ထွက် သတ်ဗီနှက် တဆက်လက်စိန္တာ အင်းမဟာကို ဒေဝါသိကြား ဗြဟ္မာများနှင့် ညွှန်ကြား အရိယာ ထေရ်မဟာ-ထေရ်မြတ်လှတို့ ဆုံးမ၍သာ ချီးမြှင့်လာမည့် ထွက်ရာသိဒ္ဓိပေါက်ကြောင်းတည်း"
No comments:
Post a Comment