သရဏဂံု ႏွင့္ ေလာကီအတတ္ပညာ
’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’
‘သရဏ’ ဟူသည္မွာ ‘ေဘးရန္ကိုေဖ်ာက္ ခ်မ္းသာေရာက္ေအာင္ ပုန္းေအာင္းမွီခိုအားထားအပ္ရာ, အျမဲမေမ႔မေလ်ာ့ အေလးအျမတ္ျပဳအပ္ရာ’ ဟူ၍ နားလည္ထားသင့္ပါတယ္။ (သရတိ သရဏဂတာနံ ဘယံ ဟိ ံ သတိ၊ သရီယေတ အႏုႆရီယေတ ၀ါ။)။
သရဏဂံု ဆိုတာက ‘သရဏဂမန’ ဆိုတာကေန ဆင္းသက္လာတဲ႔ ပါဠိသက္ ေ၀ါဟာရျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ ထို ‘သရဏ ကို ကိုးကြယ္ဆည္းကပ္ျခင္း’ ျဖစ္ပါတယ္။
သရဏဂတနံ- ကိုးကြယ္ရာရတနာသံုးပါးတို႔ကို ဆည္းကပ္ေသာသူတို႔၏။ ေနေန၀ သရဏဂမေနန- ထိုဆည္းကပ္ေၾကာင္း ကုသိုလ္စိတ္ေၾကာင့္ပင္။ သယံ- ၀ဋ္ဆင္းရဲေဘး အေပါင္းကိုလည္းေကာင္း၊ သႏၱာနံ- ေၾကာက္ရြံ႔ ထိန္႔လန္႔ျခင္းကိုလည္းေကာင္း၊ ဒုကၡံ- ကိုယ္စိတ္ႏွစ္ပါး ဆင္းရဲျခင္းကိုလည္းေကာင္း၊ ဒုဂၢတိပရိကိေလသံ- အပါယ္ ဒုဂၢတိ ဘ၀၌ညစ္ႏြမ္းရျခင္းကိုလည္းေကာင္း၊ သရတိ ၀ိနာေသတိ- ဖ်က္ဆီးတတ္၏။
ကိုးကြယ္ဆည္းကပ္တယ္ ဆိုရာမွာ ဘာေၾကာင့္ကိုးကြယ္ဆည္းကပ္တာလဲ၊ ကိုးကြယ္ဆည္းကပ္ပံု ဘယ္လိုလဲ
စသည္ကေတာ့ ပုဂၢိဳလ္တစ္ဦးခ်င္းစီရဲ႕ အေနအထားအလိုက္ကြဲျပားပါလိမ္႔မယ္။
‘ဗုဒၶ၊ သစၥာေလးပါးျမတ္တရားကို ပိုင္းျခားထင္ထင္သိေတာ္မူေသာျမတ္စြာဘုရား။ ဓမၼ၊ ေလာကီ ေလာကုတၱရာ အက်ိဳးစီးပြားကို ေဆာင္ေတာ္မူတတ္ မဂ္၄-တန္, ဖုိလ္-၄တန္, နိဗၺာန္, ပရိယတ္ ၁၀-ပါးေသာ တရားေတာ္ျမတ္။ သံဃ၊ ၈-ပါးေသာ အရိယာသံဃာေတာ္တို႔ႏွင့္တကြ အရိယာအႏြယ္၀င္ သမၼဳတိသံဃာေတာ္ အသွ်င္သူျမတ္အေပါင္း’ တို႔ဟာ ဗုဒၶဘာသာ၀င္တို႔အတြက္ ‘သရဏ’ ပါပဲ။ ဗုဒၶဘာသာ၀င္ေတြဟာ ရတနာျမတ္သံုးပါးကို ကိုးကြယ္ဆည္းကပ္သူမ်ားျဖစ္လို႔ ‘သရဏဂုံ’ သံုးပါးတည္ရွိသူမ်ား ျဖစ္ၾကပါတယ္။
သူေတာ္ေကာင္းအစဥ္အဆက္ရဲ႕ သရဏဂံုကေတာ့ ရတနာသံုးပါး တို႔အား သံသရာ၀ဋ္မွ ထြက္ေျမာက္ရန္အတြက္ ကိုးကြယ္ဆည္းကပ္တာပဲျဖစ္ပါတယ္။ ၀ဋ္ဆိုတာက မရပ္မစဲ လံုးျခာလည္လိုက္ေနတဲ႔ သေဘာပါ။ သံသရာ၀ဋ္ဆိုတာက ၃-ပါးရွိပါတယ္။
၁. ကိေလသ၀ဋ္ (ကိေလသာ၏ ႏွိပ္စက္မႈေၾကာင့္ ဆင္းရဲသည္မွာ ထင္ရွားလွျပီ)
၂. ကမၼ၀ဋ္ (နက္နဲပါတယ္)
၃. ၀ိပါက၀ဋ္ (ဘ၀ခႏၶာေတြရွိေနသမွ် အႏွိပ္စက္ခံရျခင္း၊ ႏွိပ္စက္ျခင္း၊ ေဆြးေျမ႕ရျခင္း၊ ပ်က္စီးျခင္း ကေန မလြန္ေျမာက္ပါဘူး)
သရဏဂုံ တည္ေသာေၾကာင့္ ျမတ္စြာဘုရားရွင္လမ္းညႊန္ခဲ႔သည့္အတိုင္း တတ္ႏိုင္သမွ် ရုိရိုေသေသေလးေလးစားစား လိုက္နာက်င့္သံုးၾကရပါတယ္။ ဒီလိုက်င့္သံုးတတ္ဖို႔ဆိုတာကလည္း ဘာေတြလမ္းညႊန္ေတာ္မူခဲ႔သလဲ ဆိုတာကို နာယူသုတရွိဖို႔လိုအပ္ျပန္ပါတယ္။
ျမတ္စြာဘုရားရွင္ဟာ ေလာကီ၌ စင္ၾကယ္စြာ ၾကီးပြားခ်မ္းသာေရးေဒသနာမ်ား၊ ေလာကီ အႏၱရာယ္ကင္းရွင္းေရး ပရိတ္တရားေတာ္မ်ား၊ စင္ၾကယ္ေသာ စ်ာနသမၼာဒိ႒ိ၊ ၀ိပႆနာသမၼာဒိ႒ိ တို႔ကို ျပည့္ျပည့္စံုစံု ေဟာၾကားသြားေတာ္မူခဲ႔ပါတယ္။
သရဏဂံု ပ်က္စီးျခင္းက ၂-မ်ိဳးရွိပါတယ္။
၁.သာ၀ဇၨ ေဘဒ- အျပစ္ႏွင့္တကြ ပ်က္စီးျခင္း။
ဘုရား၊တရား၊သံဃာ ရတနာသံုးပါးတို႔က ျပေတာ္မူေသာ တရားေတာ္ကို အယံုအၾကည္မရွိေတာ့ျခင္းႏွင့္ စင္ၾကယ္မႈ၏ ဆန္႔က်င္ဘက္ကို လက္ခံယံုၾကည္သြားျဖင္း တုိ႔ျဖစ္ပါတယ္။ သာသနာေတာ္မွ ဖီလာဆန္႔က်င္ျဖစ္ေသာ ဆရာ၏ အယူကို သေဘာက် လက္ခံျခင္းတို႔ပဲျဖစ္ပါတယ္။
မိစၧာဆရာ ဆိုတာက
သာသနာဆိုတဲ႔ ‘မေကာင္းမႈဟူသမွ်ကို မျပဳရာ, ကုသိုလ္တရားႏွင့္ျပည့္စံုေစပါ, မိမိစိတ္ကို စင္ၾကယ္သန္႔ရွင္းေစပါ။ ဤသံုးခ်က္သည္ ဘုရားရွင္တို႔အဆံုးအမျဖစ္သတည္း’ ဟူသည္ႏွင့္ဆန္႔က်င္ေသာ ဆရာမ်ားပင္ျဖစ္ပါသည္။
မိမိတို႔သည္ ကိေလသာ၏ ႏွိပ္စက္မႈေၾကာင့္ မေကာင္းမႈကို ျပဳမိေစကာမူ ထုိမေကာင္းမႈလမ္းစဥ္ကုိ သင့္ေလ်ာ္၏ဟု ယူဆပါက သာသနာေတာ္ႏွင့္ ေသြဖယ္သည္ျဖစ္ေတာ့သည္။
၂. အန၀ဇၨ သုခ၀ိပါက ေဘဒ- အျပစ္မရွိ ခ်မ္းသာစြာ ပ်က္စီးျခင္း။
သရဏဂံုတည္ထားျပီး ေသသြားျခင္းပါ။
သရဏဂံု ညိႈးႏြမ္းျခင္းက ၄-မ်ိဳးရွိပါတယ္။
၁. အညဏ - ရတနာ ၃-ပါး၏ ဂုဏ္ေတာ္ကို လံုးလံုးမသက္၀င္ျခင္း, ျပင္းစြာေတြေ၀ျခင္း။
၂. သံသယ- ဘုရားတရားသံဃာ တို႔ ဂုဏ္ေက်းဇူးေတာ္၌ ယံုမွားသံသယရွိျခင္း။
၃. မိစၦာဉာဏ- ရတနာ ၃-ပါးဂုဏ္ေတာ္၌ ေဖာက္ျပန္မွားယြင္းေသာ အယူအဆမ်ားရွိျခင္း။
၄. အာဒိ- သရဏဂံုပ်က္စီးျခင္း၌ နီးကပ္ေသာ အေၾကာင္းမ်ား။ အနာဒရ- ရတနာသံုးပါးကို မရိုေသျခင္း။ အဂါရ၀- မေလးစားျခင္း။
ဒါကေတာ့ သရဏဂံု နဲ႔ ပတ္သက္ျပီး
သိထားသင့္တာေတြေပါ့။
တစ္ခုသတိထားရမွာက သရဏဂံုအမွန္တည္ဖို႔ ဆိုတာ မလြယ္သလို သရဏဂံုတည္ျပီးေနာက္ ပ်က္ဖို႔ ဆိုတာကလည္း မလြယ္ပါဘူး။
-------------------------------------------------------------
ေလာကီဂမၻီရအတတ္ေတြနဲ႔ ပတ္သက္ျပီး
ဘုရားျမတ္စြာ ဘယ္လို မိန္႔ၾကားေတာ္မူသလဲ ၾကည့္ၾကရေအာင္ ……
အခ်ဳိ႕ေသာ အသွ်င္သမဏျဗာဟၼဏတုိ႔သည္ ယံုၾကည္၍လွဴေသာ သံုးေဆာင္ဖြယ္တုိ႔ကုိ သံုးေဆာင္ၾက ၿပီးလွ်င္ မွားေသာ အသက္ေမြးမႈ ျဖစ္ေသာ ဤသုိ႔ေသာ ဖီလာအတတ္ျဖင့္အသက္ေမြး ၾက၏။ ဤသည္တုိ႔ကား အဘယ္နည္း၊ အဂၤက်မ္း နိမိတ္က်မ္း ဥပၸါတက်မ္း အိပ္မက္က်မ္းလကၡဏာက်မ္း ၾကြက္ကုိက္က်မ္း မီးပူေဇာ္ျခင္း အဂၤဝိဇၨာအတတ္ ေျမၾကန္အတတ္ ဖုတ္တေစၧအတတ္ ေျမအိမ္၌ သင္ယူရေသာ အတတ္ ေျမြအတတ္ အဆိပ္အတတ္ကင္းၿမီးေကာက္ အတတ္ ၾကြက္ခဲနာကု အတတ္ ငွက္သံအတတ္ က်ီးသံအတတ္ အသက္ေဟာ အတတ္ ျမားလြဲ အတတ္ လွ်ာခုိင္ေစျခင္းေမးခုိင္ေစျခင္း လက္ဟန္႔မႏၲန္စုတ္ျခင္း ္း မွန္၌ နတ္သြင္း၍ ေမးျခင္း သတုိ႔သမီး၌နတ္သြင္း၍ ေမးျခင္း နတ္ေမးျခင္း ေနကုိ လုပ္ေကြၽးျခင္း ျဗဟၼာကုိ လုပ္ေကြၽးျခင္း ခံတြင္းမွ မီးေတာက္ေစျခင္း သိရိနတ္သမီးကုိ ပင့္ေခၚေစျခင္း ဤသည္တုိ႔တည္း။ (ရဟန္းသည္) မွားေသာ အသက္ေမြးမႈျဖစ္ေသာ ဤသုိ႔ေသာ ဖီလာအတတ္ျဖင့္ (အသက္ေမြးျခင္း) မွ ေရွာင္ၾကဥ္၏။ ဤသည္လည္းထုိရဟန္း၏ သီလေပတည္း။ (မဟာသီလခန္း)
ထိုအတတ္ပညာမ်ားသည္ မွားယြင္းလိမ္လည္မႈျဖစ္ေသာေၾကာင့္ တိရစ ၦာန၀ိဇၨာျဖစ္ရသည္ မဟုတ္ပါ။ ထိုအတတ္ပညာမ်ားကို အသံုးျပဳပံု တစ္ခုခ်င္းစီအဖြင့္ကို အ႒ကထာ၌ျပဆိုထားေလ၏။ အလိမ္အညာတို႔သာ ျဖစ္ပါက မည္သို႔အသံုးျပဳ၍ မည္သို႔ ရလာဒ္ရေၾကာင္း ဖြင့္ဆိုစရာမလို။ ထိုအတတ္ပညာမ်ား၌ ၀ါသနာထံုက ‘သဂၢႏ ၱရာယ္ မဂၢႏ ၱရာယ္’အထိ ျဖစ္တတ္၏။ ထိုအတတ္ပညာ တို႔သည္ ‘တပ္မက္ျခင္းကင္းရန္ အဓိသီလ အဓိစိတၱ အဓိပညာ’ အတြင္းအက်ံဳးမ၀င္ရံုသာမက ပလိေဗာဓေၾကာင့္ၾကစိုက္မႈ ေဘးအႏၱရာယ္ၾကီးေသာေၾကာင့္ တိရစ ၦာန၀ိဇၨာ ဟု ဆို၏။
အတတ္ပညာကို အားကိုးရေသာ အခါဆန္႔က်င္ဘက္ ရန္သူတို႔ႏွင့္ ထိပ္တိုက္ရင္ဆိုင္ရတတ္၏။ ထိုေလာကီအတတ္ပညာမ်ားသည္ တကယ္ရွိေၾကာင္း ‘ပါဠိအ႒ကထာဋီကာ’ တို႔ တြင္ျပဆိုထားပါလ်က္ မရွိဟုလညး္ေကာင္း မယံုဟုလည္းေကာင္း ျငင္းဆန္မွ ကမၼႆကတာသမၼာဒိ႒ိတည္မည္ဟု ဆိုလွ်င္ လြန္စြာမွ မွားယြင္းလွေခ်၏။
ရဟန္းတို႔သည္ အျပစ္မရွိေသာ အနာ၀ဇၨ တိရစ ၦာန၀ိဇၨာတို႔ ကိုမူ သင္ယူေကာင္း ပို႔ခ်ေကာင္း၏။ သို႔ေသာ္ အခေၾကးေငြယူ၍ အသက္ေမြးမႈ မျပဳေကာင္းေပ။ ထို အတတ္ပညာတို႔ကို အမွီျပဳ၍ ရရွိလာေသာ ပူေဇာ္သကၠာရ တို႔ကိုလည္း မသံုးေဆာင္ေကာင္းေပ။ မိစၦာအာဇီ၀ ျဖစ္၍ နတ္ရြာျဗဟၼမဂ္ဖိုလ္ကို တားျမစ္တတ္၏။
ရဟန္းေတာ္မ်ားသည္
‘ပရူပဃာတကရံ- သူတစ္ပါးကို ညွင္းပန္းႏွိပ္စက္မႈျပဳတတ္ေသာ ကိေလသာတရားကို တိုးပြားေစတတ္ေသာ ၊ ၀ိဇၨံ-အတတ္ပညာကို’ သင္လည္း မသင္ေကာင္း ပို႔လည္း မပို႔ခ်ေကာင္းေပ။ မဟာသီလခန္း၌ ‘တိရစ ၦာန၀ိဇၨာျဖင့္ မိစၦာဇီ၀မႈကို ျပဳၾကသည္ဟု အျပစ္တင္ေတာ္မူသည္။ တတ္ရံုသင္ျခင္း- ပို႔ခ်ျခင္းကိုကား အျပစ္တင္ေတာ္မမူ၊ ထို႔ေၾကာင့္ မဟာသီလ၌ နကၡတ္အတတ္ ေဆးအတတ္ မႏၱာန္အတတ္ ဂဏန္းသခ်ာၤအတတ္တို႔ကို ျပေတာ္မူေသာ္လည္း ၀ိနည္းဆိုင္ရာ၀ယ္ အရညိက၀တ္၌ နကၡတ္မ်ားကို နားလည္ေစရမည္ဟုလည္းေကာင္း, ဂိလာႏုပ႒ာက သူနာျပဳရဟန္းတို႔ နားလည္ေစရမည္ဟုလည္းေကာင္း, ဤ တိရစ ၦာန၀ိဇၨာ သိကၡာပုဒ္တို႔၏ အနာပတၱိ၀ါရ(ျခြင္းခ်က္အားျဖင့္အျပစ္မရွိပံု) ၌ တရားသျဖင့္ စာေရးအတတ္- ဘီလူးဘုတ္တေစၦေျမြမ်ားကို တားဆီးေၾကာင္း အတတ္ - မိမိကိုယ္ကိုလည္းေကာင္း သူတပါးကိုလည္းေကာင္း ေစာင့္ေရွာက္ေစတတ္ေသာ အတတ္ကို သင္လွ်င္ အနာပတၱိဟု မိန္႔ေတာ္မူသည္။
(အနာပတၱိ = အာပတ္မသင့္)
ျမတ္ဘုရား၏ ပရိတ္ေတာ္တို႔သည္ အစြမ္းမရွိ၍ ေလာကီအတတ္တို႔ကို သင္ၾကားခြင့္ျပဳရသည္ကားမဟုတ္။ စြမ္းရည္နည္းပါးေသာ ပုဂၢိဳလ္တို႔ ကို ငဲ႔ညွာသည္ျဖစ္၍ ခြင့္ျပဳေတာ္မူျခင္းျဖစ္သည္ဟု ယူဆဖြယ္ျဖစ္သည္။
စင္ၾကယ္သန္႔ရွင္းလွစြာေသာ ပရိတ္တရားေတာ္မ်ားကိုလည္းေကာင္း ၊
ေလာကီအတတ္ပညာ အစီအရင္မ်ားကိုလည္းေကာင္း
အကုသိုလ္စိတ္ႏွင့္တကြ အသံုးခ်လွ်င္ သာသနာေတာ္ႏွင့္ ဆန္႔က်င္သည္ျဖစ္သည္။
ရတနာသံုးပါး ဆိုင္ရာ တရားေတာ္မ်ားကို အကုသိုလ္စိတ္ျဖင့္ အသံုးခ်လွ်င္ ‘ဂရု အဂါရ၀’ အားၾကီးေသာ အရိုအေသမဲ႔မႈ ျဖစ္၍ သာ၍ အျပစ္ၾကီးေလသည္။
ရဟန္းေတာ္မဟုတ္ေသာ သာမန္လူမ်ားမွာကား အတတ္ပညာကို အသံုးျပဳ၍ အသက္ေမြးျခင္းမွာ မည္သို႔မွ် မိစၦာအာဇီ၀ မဟုတ္ေလျပီ။ ဘုရားအေလာင္းေတာ္တို႔သည္ပင္ ဤအတတ္ပညာမ်ားတြင္ ဘ၀မ်ားစြာ၌ အထူးကြ်မ္းက်င္အဆင့္ ပါရဂူေျမာက္တတ္ေျမာက္ျပီး ဒိသာပါေမာကၡဆရာၾကီး ျဖစ္ေလ့ရွိေပသည္။ ထိုအတတ္ပညာမ်ားကို ေကာင္းစြာ စီစစ္၍ သာသနာေတာ္အားေလ်ာ္ေသာ ႏွလံုးသြင္းထားကာ သင္ယူျခင္း ေလ့လာျခင္းတို႔၌ သရဏဂံုပ်က္မည္ ေ၀းစြ၊ သရဏဂံုပင္ ညိႈးလိမ္႔မည္မဟုတ္ပါေပ။ အနာမရွိေသာလက္ျဖင့္ ဆားကို ကိုင္ေသာ္လည္း မစပ္သကဲ႔သို႔ မိမိသူတပါးတို႔ကို ေစာင့္ေရွာက္ရန္ ၾကီးစြာေသာဆႏၵျဖင့္ သင္ယူပို႔ခ် ေလ့လာအပ္ေပသည္။
အမွန္စင္စစ္အားျဖင့္ ေလာကီအစီအတတ္ပညာမ်ား ဟုဆိုလွ်င္ မႏၱာန္ အင္း ေဆး ဓါတ္လံုး တို႔သာမက ေဆးသိပၸံပညာ စံုေထာက္ပညာ အင္ဂ်င္နီယာပညာ စုိက္ပ်ိဳးေရးပညာ ထမင္းဟင္းခ်က္ပညာ စီးပြားကုန္သြယ္အတတ္ပညာ တုိ႔အားလံုးသည္ပင္ ေလာကီအတတ္ပညာမ်ားခ်ည္းသာ ျဖစ္သည္။ ထိုအတတ္ပညာအားလံုးသည္ ရဟန္းေတာ္တို႔ဘက္မွၾကည့္လွ်င္ ‘ဓမၼ ၀ိနယ’ မွ အလြတ္ျဖစ္ေသာ တိရစၦာန၀ိဇၨာခ်ည္းသာ ျဖစ္သည္။ ေလာကလူသားမ်ားအတြက္ကမူ ထိုအတတ္ပညာအားလံုးသည္ သူ႔ေနရာႏွင့္သူ အားလံုးအသံုး၀င္ကာ အေရးပါသည္ခ်ည္းျဖစ္လွသည္။ ထိုအတတ္ပညာမ်ားေၾကာင့္ပင္ ရဟန္းတို႔သည္လည္း ဆြမ္း သကၤန္း ေဆး ေက်ာင္း တို႔ ရရွိျခင္းျဖစ္သည္။ သို႔ရာတြင္ ပဓါနစရိယ အလုပ္ကို ေလာကီအတတ္ပညာမ်ားက ၾကီးစြာ အေႏွာက္အယွက္ျဖစ္ေစ၍ တိရစ ၦာန၀ိဇၨာဟု ဘုရားရွင္ ပညတ္ေတာ္မူျခင္းျဖစ္သည္။
အေျခအေနအရ လိုအပ္ပါက ထိုအတတ္ပညာမ်ားကို တတ္ေျမာက္ရန ္သင္ၾကားခြင့္ျပဳေတာ္မူသည္ကိုမူ မေမ႔အပ္ေသာ္လည္း ပဓါနစရိယ ျဖစ္ေသာ ဂႏၳဓုရ ၀ိပႆနာဓုရကို လစ္ဟင္းေစပါက ရွက္ဖြယ္လိလိပင္ျဖစ္ေတာ့သည္။
-------------------------------------------------------------------
ဗုဒၶဘာသာ၀င္ ဝိဇၨာမယိဒၶိ ေလာကီအတတ္ပညာရွင္မ်ားကလည္း ေလာကီဟူေသာ စကားလံုးကို ဗန္းျပ၍ သာသနာေတာ္ကုိ မပုန္ကန္မိေစရန္ အထူးအေရးၾကီးလွျပန္သည္။
ဗုဒၶဘာသာ၀င္ ဆရာမ်ား၏ အတတ္ကစင္ၾကယ္သည္ သာသနာပသား ဆရာမ်ား၏ အတတ္ပညာက မစင္ၾကယ္ဟူ၍လည္း တဖက္သတ္ဆံုးျဖတ္၍ မရေပ။
အကုသိုလ္စိတ္ႏွင့္ ျပဳေသာ္ ဘယ္အတတ္ပညာျဖစ္ပေစ မစင္ၾကယ္ေပ၊ ကုသိုလ္စိတ္ျဖင့္ ေကာင္းေသာအက်ိဳးကို ေဆာင္ေသာ အတတ္ပညာကို သံုးလွ်င္ စင္ၾကယ္သည္သာျဖစ္သည္။
မည္သို႔ဆိုေစ အျပစ္ကင္းေသာ အတတ္ပညာကို သင္ယူရာ၌ အျပစ္မရွိေပ။ အနဝဇၨာနိကမၼာနိ. အနာကုလာစကမၼႏၲာ .. ဗဟုသစၥဥၥ သိပၸဥၥ မဂၤလာ ေျမာက္ရန္သာ ရွိသည္။
မစင္မၾကယ္ အသံုးျပဳသည့္ နည္းလမ္းမ်ားကို စင္ၾကယ္ေကာင္းမြန္သည္ဟူေသာ အထင္မွား အျမင္မွား၊ ေလာကီပဲေလ ဟူေသာ ဆင္ေျချဖင့္ လိုက္နာက်င့္သံုးပါက မည္သည့္ဘာသာကျဖစ္ပေစ ‘သာသနာေတာ္ႏွင့္ ဆန္႔က်င္ေသာ ဆရာ’ ကို ဆည္းကပ္မိသလိုျဖစ္ျပီး သရဏဂံုညိႈးႏြမ္းေပေတာ့မည္။ ထို႔အျပင္ သံဃာကြဲျပားျခင္းကို ျပဳတတ္ေသာ သံဃေဘဒက အဓမၼ၀တၳဳ ႏွင့္လည္း ျငိတတ္ေပသည္။
စိရံ တိ႒တု သဒၶေမၼာ
ဓေမၼ ေဟာႏၲဳ သဂါရဝါ
ဆရာေက်ာ္ဆန္းလြင္
[ Unicode ]
သရဏဂုံ နှင့် လောကီအတတ်ပညာ
’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’
‘သရဏ’ ဟူသည်မှာ ‘ဘေးရန်ကိုဖျောက် ချမ်းသာရောက်အောင် ပုန်းအောင်းမှီခိုအားထားအပ်ရာ, အမြဲမမေ့မလျော့ အလေးအမြတ်ပြုအပ်ရာ’ ဟူ၍ နားလည်ထားသင့်ပါတယ်။ (သရတိ သရဏဂတာနံ ဘယံ ဟိ ံ သတိ၊ သရီယတေ အနုဿရီယတေ ဝါ။)။
သရဏဂုံ ဆိုတာက ‘သရဏဂမန’ ဆိုတာကနေ ဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ထို ‘သရဏ ကို ကိုးကွယ်ဆည်းကပ်ခြင်း’ ဖြစ်ပါတယ်။
သရဏဂတနံ- ကိုးကွယ်ရာရတနာသုံးပါးတို့ကို ဆည်းကပ်သောသူတို့၏။ နေနေ၀ သရဏဂမနေန- ထိုဆည်းကပ်ကြောင်း ကုသိုလ်စိတ်ကြောင့်ပင်။ သယံ- ဝဋ်ဆင်းရဲဘေး အပေါင်းကိုလည်းကောင်း၊ သန္တာနံ- ကြောက်ရွံ့ ထိန့်လန့်ခြင်းကိုလည်းကောင်း၊ ဒုက္ခံ- ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းကိုလည်းကောင်း၊ ဒုဂ္ဂတိပရိကိလေသံ- အပါယ် ဒုဂ္ဂတိ ဘဝ၌ညစ်နွမ်းရခြင်းကိုလည်းကောင်း၊ သရတိ ဝိနာသေတိ- ဖျက်ဆီးတတ်၏။
ကိုးကွယ်ဆည်းကပ်တယ် ဆိုရာမှာ ဘာကြောင့်ကိုးကွယ်ဆည်းကပ်တာလဲ၊ ကိုးကွယ်ဆည်းကပ်ပုံ ဘယ်လိုလဲ
စသည်ကတော့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အနေအထားအလိုက်ကွဲပြားပါလိမ့်မယ်။
‘ဗုဒ္ဓ၊ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိတော်မူသောမြတ်စွာဘုရား။ ဓမ္မ၊ လောကီ လောကုတ္တရာ အကျိုးစီးပွားကို ဆောင်တော်မူတတ် မဂ်၄-တန်, ဖိုလ်-၄တန်, နိဗ္ဗာန်, ပရိယတ် ၁၀-ပါးသော တရားတော်မြတ်။ သံဃ၊ ၈-ပါးသော အရိယာသံဃာတော်တို့နှင့်တကွ အရိယာအနွယ်ဝင် သမ္မုတိသံဃာတော် အသျှင်သူမြတ်အပေါင်း’ တို့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ‘သရဏ’ ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်သူများဖြစ်လို့ ‘သရဏဂုံ’ သုံးပါးတည်ရှိသူများ ဖြစ်ကြပါတယ်။
သူတော်ကောင်းအစဉ်အဆက်ရဲ့ သရဏဂုံကတော့ ရတနာသုံးပါး တို့အား သံသရာဝဋ်မှ ထွက်မြောက်ရန်အတွက် ကိုးကွယ်ဆည်းကပ်တာပဲဖြစ်ပါတယ်။ ဝဋ်ဆိုတာက မရပ်မစဲ လုံးခြာလည်လိုက်နေတဲ့ သဘောပါ။ သံသရာဝဋ်ဆိုတာက ၃-ပါးရှိပါတယ်။
၁. ကိလေသဝဋ် (ကိလေသာ၏ နှိပ်စက်မှုကြောင့် ဆင်းရဲသည်မှာ ထင်ရှားလှပြီ)
၂. ကမ္မဝဋ် (နက်နဲပါတယ်)
၃. ဝိပါကဝဋ် (ဘဝခန္ဓာတွေရှိနေသမျှ အနှိပ်စက်ခံရခြင်း၊ နှိပ်စက်ခြင်း၊ ဆွေးမြေ့ရခြင်း၊ ပျက်စီးခြင်း ကနေ မလွန်မြောက်ပါဘူး)
သရဏဂုံ တည်သောကြောင့် မြတ်စွာဘုရားရှင်လမ်းညွှန်ခဲ့သည့်အတိုင်း တတ်နိုင်သမျှ ရိုရိုသေသေလေးလေးစားစား လိုက်နာကျင့်သုံးကြရပါတယ်။ ဒီလိုကျင့်သုံးတတ်ဖို့ဆိုတာကလည်း ဘာတွေလမ်းညွှန်တော်မူခဲ့သလဲ ဆိုတာကို နာယူသုတရှိဖို့လိုအပ်ပြန်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ လောကီ၌ စင်ကြယ်စွာ ကြီးပွားချမ်းသာရေးဒေသနာများ၊ လောကီ အန္တရာယ်ကင်းရှင်းရေး ပရိတ်တရားတော်များ၊ စင်ကြယ်သော ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ တို့ကို ပြည့်ပြည့်စုံစုံ ဟောကြားသွားတော်မူခဲ့ပါတယ်။
သရဏဂုံ ပျက်စီးခြင်းက ၂-မျိုးရှိပါတယ်။
၁.သာဝဇ္ဇ ဘေဒ- အပြစ်နှင့်တကွ ပျက်စီးခြင်း။
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတို့က ပြတော်မူသော တရားတော်ကို အယုံအကြည်မရှိတော့ခြင်းနှင့် စင်ကြယ်မှု၏ ဆန့်ကျင်ဘက်ကို လက်ခံယုံကြည်သွားဖြင်း တို့ဖြစ်ပါတယ်။ သာသနာတော်မှ ဖီလာဆန့်ကျင်ဖြစ်သော ဆရာ၏ အယူကို သဘောကျ လက်ခံခြင်းတို့ပဲဖြစ်ပါတယ်။
မိစ္ဆာဆရာ ဆိုတာက
သာသနာဆိုတဲ့ ‘မကောင်းမှုဟူသမျှကို မပြုရာ, ကုသိုလ်တရားနှင့်ပြည့်စုံစေပါ, မိမိစိတ်ကို စင်ကြယ်သန့်ရှင်းစေပါ။ ဤသုံးချက်သည် ဘုရားရှင်တို့အဆုံးအမဖြစ်သတည်း’ ဟူသည်နှင့်ဆန့်ကျင်သော ဆရာများပင်ဖြစ်ပါသည်။
မိမိတို့သည် ကိလေသာ၏ နှိပ်စက်မှုကြောင့် မကောင်းမှုကို ပြုမိစေကာမူ ထိုမကောင်းမှုလမ်းစဉ်ကို သင့်လျော်၏ဟု ယူဆပါက သာသနာတော်နှင့် သွေဖယ်သည်ဖြစ်တော့သည်။
၂. အနဝဇ္ဇ သုခဝိပါက ဘေဒ- အပြစ်မရှိ ချမ်းသာစွာ ပျက်စီးခြင်း။
သရဏဂုံတည်ထားပြီး သေသွားခြင်းပါ။
သရဏဂုံ ညှိုးနွမ်းခြင်းက ၄-မျိုးရှိပါတယ်။
၁. အညဏ - ရတနာ ၃-ပါး၏ ဂုဏ်တော်ကို လုံးလုံးမသက်ဝင်ခြင်း, ပြင်းစွာတွေဝေခြင်း။
၂. သံသယ- ဘုရားတရားသံဃာ တို့ ဂုဏ်ကျေးဇူးတော်၌ ယုံမှားသံသယရှိခြင်း။
၃. မိစ္ဆာဉာဏ- ရတနာ ၃-ပါးဂုဏ်တော်၌ ဖောက်ပြန်မှားယွင်းသော အယူအဆများရှိခြင်း။
၄. အာဒိ- သရဏဂုံပျက်စီးခြင်း၌ နီးကပ်သော အကြောင်းများ။ အနာဒရ- ရတနာသုံးပါးကို မရိုသေခြင်း။ အဂါရဝ- မလေးစားခြင်း။
ဒါကတော့ သရဏဂုံ နဲ့ ပတ်သက်ပြီး
သိထားသင့်တာတွေပေါ့။
တစ်ခုသတိထားရမှာက သရဏဂုံအမှန်တည်ဖို့ ဆိုတာ မလွယ်သလို သရဏဂုံတည်ပြီးနောက် ပျက်ဖို့ ဆိုတာကလည်း မလွယ်ပါဘူး။
-------------------------------------------------------------
လောကီဂမ္ဘီရအတတ်တွေနဲ့ ပတ်သက်ပြီး
ဘုရားမြတ်စွာ ဘယ်လို မိန့်ကြားတော်မူသလဲ ကြည့်ကြရအောင် ……
အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြ ပြီးလျှင် မှားသော အသက်မွေးမှု ဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့်အသက်မွေး ကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အင်္ဂကျမ်း နိမိတ်ကျမ်း ဥပ္ပါတကျမ်း အိပ်မက်ကျမ်းလက္ခဏာကျမ်း ကြွက်ကိုက်ကျမ်း မီးပူဇော်ခြင်း အင်္ဂဝိဇ္ဇာအတတ် မြေကြန်အတတ် ဖုတ်တစ္ဆေအတတ် မြေအိမ်၌ သင်ယူရသော အတတ် မြွေအတတ် အဆိပ်အတတ်ကင်းမြီးကောက် အတတ် ကြွက်ခဲနာကု အတတ် ငှက်သံအတတ် ကျီးသံအတတ် အသက်ဟော အတတ် မြားလွဲ အတတ် လျှာခိုင်စေခြင်းမေးခိုင်စေခြင်း လက်ဟန့်မန္တန်စုတ်ခြင်း ်း မှန်၌ နတ်သွင်း၍ မေးခြင်း သတို့သမီး၌နတ်သွင်း၍ မေးခြင်း နတ်မေးခြင်း နေကို လုပ်ကျွေးခြင်း ဗြဟ္မာကို လုပ်ကျွေးခြင်း ခံတွင်းမှ မီးတောက်စေခြင်း သိရိနတ်သမီးကို ပင့်ခေါ်စေခြင်း ဤသည်တို့တည်း။ (ရဟန်းသည်) မှားသော အသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် (အသက်မွေးခြင်း) မှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။ (မဟာသီလခန်း)
ထိုအတတ်ပညာများသည် မှားယွင်းလိမ်လည်မှုဖြစ်သောကြောင့် တိရစ ္ဆာနဝိဇ္ဇာဖြစ်ရသည် မဟုတ်ပါ။ ထိုအတတ်ပညာများကို အသုံးပြုပုံ တစ်ခုချင်းစီအဖွင့်ကို အဋ္ဌကထာ၌ပြဆိုထားလေ၏။ အလိမ်အညာတို့သာ ဖြစ်ပါက မည်သို့အသုံးပြု၍ မည်သို့ ရလာဒ်ရကြောင်း ဖွင့်ဆိုစရာမလို။ ထိုအတတ်ပညာများ၌ ဝါသနာထုံက ‘သဂ္ဂန ္တရာယ် မဂ္ဂန ္တရာယ်’အထိ ဖြစ်တတ်၏။ ထိုအတတ်ပညာ တို့သည် ‘တပ်မက်ခြင်းကင်းရန် အဓိသီလ အဓိစိတ္တ အဓိပညာ’ အတွင်းအကျုံးမဝင်ရုံသာမက ပလိဗောဓကြောင့်ကြစိုက်မှု ဘေးအန္တရာယ်ကြီးသောကြောင့် တိရစ ္ဆာနဝိဇ္ဇာ ဟု ဆို၏။
အတတ်ပညာကို အားကိုးရသော အခါဆန့်ကျင်ဘက် ရန်သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရတတ်၏။ ထိုလောကီအတတ်ပညာများသည် တကယ်ရှိကြောင်း ‘ပါဠိအဋ္ဌကထာဋီကာ’ တို့ တွင်ပြဆိုထားပါလျက် မရှိဟုလည်းကောင်း မယုံဟုလည်းကောင်း ငြင်းဆန်မှ ကမ္မဿကတာသမ္မာဒိဋ္ဌိတည်မည်ဟု ဆိုလျှင် လွန်စွာမှ မှားယွင်းလှချေ၏။
ရဟန်းတို့သည် အပြစ်မရှိသော အနာဝဇ္ဇ တိရစ ္ဆာနဝိဇ္ဇာတို့ ကိုမူ သင်ယူကောင်း ပို့ချကောင်း၏။ သို့သော် အခကြေးငွေယူ၍ အသက်မွေးမှု မပြုကောင်းပေ။ ထို အတတ်ပညာတို့ကို အမှီပြု၍ ရရှိလာသော ပူဇော်သက္ကာရ တို့ကိုလည်း မသုံးဆောင်ကောင်းပေ။ မိစ္ဆာအာဇီ၀ ဖြစ်၍ နတ်ရွာဗြဟ္မမဂ်ဖိုလ်ကို တားမြစ်တတ်၏။
ရဟန်းတော်များသည်
‘ပရူပဃာတကရံ- သူတစ်ပါးကို ညှင်းပန်းနှိပ်စက်မှုပြုတတ်သော ကိလေသာတရားကို တိုးပွားစေတတ်သော ၊ ဝိဇ္ဇံ-အတတ်ပညာကို’ သင်လည်း မသင်ကောင်း ပို့လည်း မပို့ချကောင်းပေ။ မဟာသီလခန်း၌ ‘တိရစ ္ဆာနဝိဇ္ဇာဖြင့် မိစ္ဆာဇီဝမှုကို ပြုကြသည်ဟု အပြစ်တင်တော်မူသည်။ တတ်ရုံသင်ခြင်း- ပို့ချခြင်းကိုကား အပြစ်တင်တော်မမူ၊ ထို့ကြောင့် မဟာသီလ၌ နက္ခတ်အတတ် ဆေးအတတ် မန္တာန်အတတ် ဂဏန်းသချာင်္အတတ်တို့ကို ပြတော်မူသော်လည်း ဝိနည်းဆိုင်ရာဝယ် အရညိကဝတ်၌ နက္ခတ်များကို နားလည်စေရမည်ဟုလည်းကောင်း, ဂိလာနုပဋ္ဌာက သူနာပြုရဟန်းတို့ နားလည်စေရမည်ဟုလည်းကောင်း, ဤ တိရစ ္ဆာနဝိဇ္ဇာ သိက္ခာပုဒ်တို့၏ အနာပတ္တိဝါရ(ခြွင်းချက်အားဖြင့်အပြစ်မရှိပုံ) ၌ တရားသဖြင့် စာရေးအတတ်- ဘီလူးဘုတ်တစ္ဆေမြွေများကို တားဆီးကြောင်း အတတ် - မိမိကိုယ်ကိုလည်းကောင်း သူတပါးကိုလည်းကောင်း စောင့်ရှောက်စေတတ်သော အတတ်ကို သင်လျှင် အနာပတ္တိဟု မိန့်တော်မူသည်။
(အနာပတ္တိ = အာပတ်မသင့်)
မြတ်ဘုရား၏ ပရိတ်တော်တို့သည် အစွမ်းမရှိ၍ လောကီအတတ်တို့ကို သင်ကြားခွင့်ပြုရသည်ကားမဟုတ်။ စွမ်းရည်နည်းပါးသော ပုဂ္ဂိုလ်တို့ ကို ငဲ့ညှာသည်ဖြစ်၍ ခွင့်ပြုတော်မူခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်သည်။
စင်ကြယ်သန့်ရှင်းလှစွာသော ပရိတ်တရားတော်များကိုလည်းကောင်း ၊
လောကီအတတ်ပညာ အစီအရင်များကိုလည်းကောင်း
အကုသိုလ်စိတ်နှင့်တကွ အသုံးချလျှင် သာသနာတော်နှင့် ဆန့်ကျင်သည်ဖြစ်သည်။
ရတနာသုံးပါး ဆိုင်ရာ တရားတော်များကို အကုသိုလ်စိတ်ဖြင့် အသုံးချလျှင် ‘ဂရု အဂါရဝ’ အားကြီးသော အရိုအသေမဲ့မှု ဖြစ်၍ သာ၍ အပြစ်ကြီးလေသည်။
ရဟန်းတော်မဟုတ်သော သာမန်လူများမှာကား အတတ်ပညာကို အသုံးပြု၍ အသက်မွေးခြင်းမှာ မည်သို့မျှ မိစ္ဆာအာဇီ၀ မဟုတ်လေပြီ။ ဘုရားအလောင်းတော်တို့သည်ပင် ဤအတတ်ပညာများတွင် ဘဝများစွာ၌ အထူးကျွမ်းကျင်အဆင့် ပါရဂူမြောက်တတ်မြောက်ပြီး ဒိသာပါမောက္ခဆရာကြီး ဖြစ်လေ့ရှိပေသည်။ ထိုအတတ်ပညာများကို ကောင်းစွာ စီစစ်၍ သာသနာတော်အားလျော်သော နှလုံးသွင်းထားကာ သင်ယူခြင်း လေ့လာခြင်းတို့၌ သရဏဂုံပျက်မည် ဝေးစွ၊ သရဏဂုံပင် ညှိုးလိမ့်မည်မဟုတ်ပါပေ။ အနာမရှိသောလက်ဖြင့် ဆားကို ကိုင်သော်လည်း မစပ်သကဲ့သို့ မိမိသူတပါးတို့ကို စောင့်ရှောက်ရန် ကြီးစွာသောဆန္ဒဖြင့် သင်ယူပို့ချ လေ့လာအပ်ပေသည်။
အမှန်စင်စစ်အားဖြင့် လောကီအစီအတတ်ပညာများ ဟုဆိုလျှင် မန္တာန် အင်း ဆေး ဓါတ်လုံး တို့သာမက ဆေးသိပ္ပံပညာ စုံထောက်ပညာ အင်ဂျင်နီယာပညာ စိုက်ပျိုးရေးပညာ ထမင်းဟင်းချက်ပညာ စီးပွားကုန်သွယ်အတတ်ပညာ တို့အားလုံးသည်ပင် လောကီအတတ်ပညာများချည်းသာ ဖြစ်သည်။ ထိုအတတ်ပညာအားလုံးသည် ရဟန်းတော်တို့ဘက်မှကြည့်လျှင် ‘ဓမ္မ ဝိနယ’ မှ အလွတ်ဖြစ်သော တိရစ္ဆာနဝိဇ္ဇာချည်းသာ ဖြစ်သည်။ လောကလူသားများအတွက်ကမူ ထိုအတတ်ပညာအားလုံးသည် သူ့နေရာနှင့်သူ အားလုံးအသုံးဝင်ကာ အရေးပါသည်ချည်းဖြစ်လှသည်။ ထိုအတတ်ပညာများကြောင့်ပင် ရဟန်းတို့သည်လည်း ဆွမ်း သင်္ကန်း ဆေး ကျောင်း တို့ ရရှိခြင်းဖြစ်သည်။ သို့ရာတွင် ပဓါနစရိယ အလုပ်ကို လောကီအတတ်ပညာများက ကြီးစွာ အနှောက်အယှက်ဖြစ်စေ၍ တိရစ ္ဆာနဝိဇ္ဇာဟု ဘုရားရှင် ပညတ်တော်မူခြင်းဖြစ်သည်။
အခြေအနေအရ လိုအပ်ပါက ထိုအတတ်ပညာများကို တတ်မြောက်ရန ်သင်ကြားခွင့်ပြုတော်မူသည်ကိုမူ မမေ့အပ်သော်လည်း ပဓါနစရိယ ဖြစ်သော ဂန္ထဓုရ ဝိပဿနာဓုရကို လစ်ဟင်းစေပါက ရှက်ဖွယ်လိလိပင်ဖြစ်တော့သည်။
-------------------------------------------------------------------
ဗုဒ္ဓဘာသာဝင် ဝိဇ္ဇာမယိဒ္ဓိ လောကီအတတ်ပညာရှင်များကလည်း လောကီဟူသော စကားလုံးကို ဗန်းပြ၍ သာသနာတော်ကို မပုန်ကန်မိစေရန် အထူးအရေးကြီးလှပြန်သည်။
ဗုဒ္ဓဘာသာဝင် ဆရာများ၏ အတတ်ကစင်ကြယ်သည် သာသနာပသား ဆရာများ၏ အတတ်ပညာက မစင်ကြယ်ဟူ၍လည်း တဖက်သတ်ဆုံးဖြတ်၍ မရပေ။
အကုသိုလ်စိတ်နှင့် ပြုသော် ဘယ်အတတ်ပညာဖြစ်ပစေ မစင်ကြယ်ပေ၊ ကုသိုလ်စိတ်ဖြင့် ကောင်းသောအကျိုးကို ဆောင်သော အတတ်ပညာကို သုံးလျှင် စင်ကြယ်သည်သာဖြစ်သည်။
မည်သို့ဆိုစေ အပြစ်ကင်းသော အတတ်ပညာကို သင်ယူရာ၌ အပြစ်မရှိပေ။ အနဝဇ္ဇာနိကမ္မာနိ. အနာကုလာစကမ္မန္တာ .. ဗဟုသစ္စဉ္စ သိပ္ပဉ္စ မင်္ဂလာ မြောက်ရန်သာ ရှိသည်။
မစင်မကြယ် အသုံးပြုသည့် နည်းလမ်းများကို စင်ကြယ်ကောင်းမွန်သည်ဟူသော အထင်မှား အမြင်မှား၊ လောကီပဲလေ ဟူသော ဆင်ခြေဖြင့် လိုက်နာကျင့်သုံးပါက မည်သည့်ဘာသာကဖြစ်ပစေ ‘သာသနာတော်နှင့် ဆန့်ကျင်သော ဆရာ’ ကို ဆည်းကပ်မိသလိုဖြစ်ပြီး သရဏဂုံညှိုးနွမ်းပေတော့မည်။ ထို့အပြင် သံဃာကွဲပြားခြင်းကို ပြုတတ်သော သံဃဘေဒက အဓမ္မဝတ္ထု နှင့်လည်း ငြိတတ်ပေသည်။
စိရံ တိဋ္ဌတု သဒ္ဓမ္မော
ဓမ္မေ ဟောန္တု သဂါရဝါ
ဆရာကျော်ဆန်းလွင်
Wa Ra Ma Pa ၀ယမပ မဟာဂႏၶာရီ ေတာင္စဥ္
တရားေတာ္ျမတ္ကို အမွဴးထား၍ ေလာကီ မဟာဂႏၶာရီ အတတ္ပညာတမ်ိဳဳးအေၾကာင္း ေဗဒင္ပညာ အေၾကာင္း သုတရသမ်ား ေရးသားရာ Blog စာမ်က္ႏွာ
Wednesday, September 12, 2018
Monday, September 10, 2018
အင္းစီရင္သူ၏ အဂၤါ ရွစ္ပါး ႏွင့္ အင္းေပါက္ အင္းကန္း အင္းက်ိဳးျခင္း
အစီအရင္မ်ားကို စီရင္မည္ ဆိုလွ်င္ ႀကိဳတင္၍
၁! စိတ္ေရာ ကိုယ္ပါ ၾကည္လင္ သန္႔ရွင္းေစရမည္
၂! ရတနာ ၃-ပါး ကန္ေတာ့ျခင္း, သီလေဆာက္တည္ျခင္း, ပန္းေရခ်မ္းမီးအေမႊးတိုင္ ကပ္လွဴဒါန ျပဳရျခင္း
၃! ဆရာေတာ္ဘုရားတို႔ႏွင့္ ဆရာသမားတို႔အား အမွဴးထား၍ ကန္ေတာ့ပြဲျပင္ ကန္ေတာ့ရျခင္း
၄! အေစာင့္အေရွာက္မ်ားကို ဖိတ္ၾကား ေမတၱာခံယူျခင္း
၄! 'သုနကၡတၱံ သုမဂၤလံ' အစခ်ီ ဂါထာကို ပူေဇာ္ရျခင္း, လိုအပ္လာလွ်င္ 'ပုဗၺဏွသုတ္' ပူေဇာ္ျခင္း
အင္းစီရင္သူ အဂၤါ ရွစ္ပါး
ဤအဂၤါရွစ္ပါးျပည့္စုံမွသာလွ်င္ ထူးျမတ္လြန္ကဲေသာ အက်ိဳးေက်းဇူးဂုဏ္ထူး လာဘ္ျမတ္တို႔ကို ေပးစြမ္းနိုင္၏
၁! မိမိစီရင္ေသာအင္းကို ယုံၾကည္ေလးျမတ္ျခင္း
၂! ေကာင္းေသာ အလိုဆႏၵ ႏွင့္ ဝီရိယရွိရျခင္း
၃! ေကာင္းေသာ မွန္ေသာ အသိဉာဏ္ရွိရျခင္း
၄! အစီအရင္ကို အရိပ္ျဖင့္မကြယ္ရျခင္း
၅! တစ္စုံတစ္ခုေသာ ဒြါရကိုမပိတ္ရျခင္း
၆! စကားမေျပာရ၊ အင္းမွအပ အျခားသို႔လွည့္မၾကည့္ရျခင္း
၇! မၿပီးခင္ ေခတၱခဏမွ်ျဖစ္ေစ ထ၍မသြားရျခင္း
၈! မိမိစီရင္ေနေသာအင္းမွ တစ္ပါးသို႔ အာ႐ုံမ်ားက ိုမေအာက္ေမ့ မေတြးေတာရျခင္း
အင္းေပါက္ျခင္း လကၡဏာ ငါးပါး
၁! အင္းေဘာင္ခ်င္း မထိေသာေၾကာင့္ ေပါက္ျခင္း
၂! အကၡရာ ဂဏန္း မမွန္၍ ေပါက္ျခင္း
၃! အကၡရာႏွင့္လည္းေကာင္း ဂဏန္းႏွင့္လည္းေကာင္း အင္းေဘာင္ထိ၍ ေပါက္ျခင္း
၄! ဂဏန္းေစာင္း၀ိုက္၍ ေပါက္ျခင္း
၅! အင္းကြက္ မညီမၫြတ္၍ ေပါက္ျခင္း
အင္းကန္းျခင္း လကၡဏာ ခုနစ္ပါး
၁! အကၡရာ အင္းသြား မမွန္၍ ကန္းျခင္း
၂! နကၡတ္ မမွတ္၍ ကန္းျခင္း
၃! ဂဏန္း,အကၡရာ အတိုအရွည္ အႀကီးအငယ္ မညီ၍ ကန္းျခင္း
၄! အကၡရာ အေက်ာက္အကန္ အလွည့္ မမွန္၍ ကန္းျခင္း
၅! မသိုးသန္႔ေသာသူ ကိုင္မိ၍ ကန္းျခင္း
၆! သီလ မယူဘဲ ခ်ျခင္းေၾကာင့္ ကန္းျခင္း
၇! ဂါထာအစုတ္အမန္း ခၽြတ္ယြင္း၍ ကန္းျခင္း
အင္းက်ိဳးျခင္း လကၡဏာ ခုနစ္ပါး
၁! အင္းစီရင္ဆဲတြင္ ေနရာမသန္႔၍ က်ိဳးျခင္း
၂! အင္းေဘာင္ ေစာင့္ငဲ့၍ က်ိဳးျခင္း
၃! အင္းစီရင္ဆဲ စကားေျပာ၍ က်ိဳးျခင္း
၄! တြန္႔ခပ္လူးလဲ ခ်မိ၍ က်ိဳးျခင္း
၅! အင္းမၿပီးမီ တေနရာမွ တေနရာသို႔ ေနရာေရြ႕ေျပာင္း စီရင္ေသာေၾကာင့္ က်ိဳးျခင္း
၆! အလံုးစံုျပဳ စီရင္အပ္ေသာ အံုျပတ္၍ က်ိဳးျခင္း
၇! စတုရန္း မခတ္မီ အစဥ္အတိုင္းသြားမိ၍ က်ိဳးျခင္း
အဓိကမွာ အင္းစီရင္သူ၏ အဂၤါ ၈-ပါးျဖစ္ေသာ္လဲ အင္းက်ိဳး အင္းကန္း အင္းေပါက္ျခင္း ၁၉-ပါး တနည္းအားျဖင့္ ၂၁-ပါးကို သတိမူ၍ ေကာင္းစြာ ေရွာင္ၾကဥ္ႏိုင္ရမည္။ အၫႊန္း .... အဂၤ၀ိဇၨာဋီကာႀကီး တတိယတြဲ
အစီအရင္မ်ားကို စီရင္ၿပီးေသာအခါ
၁! "ယံ ဒုႏၷိမိတၱံ" အစခ်ီ ၃-ဂါထာပူေဇာ္၍ အင္းမပ်က္ ေအာင္ သိမ္းဆည္းရျခင္း
၂! ၃၁-ဘံုသားမ်ား ေမတၱာပို႔သ အမွ်ေ၀ရျခင္း
၃! အန၀ဇၨ သုခ၀ိပါက၊ အနာကုလာစ ကမၼႏၲာ မဂၤလာ၊ အန၀ဇၨာနိ ကမၼာနိ မဂၤလာ၊ ဗာဟုသစၥဥၥ သိပၸဥၥ မဂၤလာ တို႔ႏွင့္ ျပည့္စံုေသာ ပညာကို သံုးခြင့္ရ၍ ရွင္ေတာ္ဘုရား မိန္႔ၾကားေသာ မဂၤလာျဖည့္က်က္ရာမည္၏ ဟု ၀မ္းေျမာက္ ၀မ္းသာ ဆင္ျခင္ရျခင္း
အင္း-စမ တို႔ကို စီရင္ရာတြင္
ငါးပါးသီလ ထိန္းသူ မည္သူမဆို စီရင္ေပး၍ရသည္
သို႔ေသာ္ အင္းသက္သြင္းေသာအခါ
ဆရာသမားတို႔ ခြင့္ျပဳခ်က္ရေသာ
ပုဂၢိဳလ္ကသာ အင္းစမ အသက္သြင္းရမည္။
ဆရာေက်ာ္ဆန္းလြင္
၁! စိတ္ေရာ ကိုယ္ပါ ၾကည္လင္ သန္႔ရွင္းေစရမည္
၂! ရတနာ ၃-ပါး ကန္ေတာ့ျခင္း, သီလေဆာက္တည္ျခင္း, ပန္းေရခ်မ္းမီးအေမႊးတိုင္ ကပ္လွဴဒါန ျပဳရျခင္း
၃! ဆရာေတာ္ဘုရားတို႔ႏွင့္ ဆရာသမားတို႔အား အမွဴးထား၍ ကန္ေတာ့ပြဲျပင္ ကန္ေတာ့ရျခင္း
၄! အေစာင့္အေရွာက္မ်ားကို ဖိတ္ၾကား ေမတၱာခံယူျခင္း
၄! 'သုနကၡတၱံ သုမဂၤလံ' အစခ်ီ ဂါထာကို ပူေဇာ္ရျခင္း, လိုအပ္လာလွ်င္ 'ပုဗၺဏွသုတ္' ပူေဇာ္ျခင္း
အင္းစီရင္သူ အဂၤါ ရွစ္ပါး
ဤအဂၤါရွစ္ပါးျပည့္စုံမွသာလွ်င္ ထူးျမတ္လြန္ကဲေသာ အက်ိဳးေက်းဇူးဂုဏ္ထူး လာဘ္ျမတ္တို႔ကို ေပးစြမ္းနိုင္၏
၁! မိမိစီရင္ေသာအင္းကို ယုံၾကည္ေလးျမတ္ျခင္း
၂! ေကာင္းေသာ အလိုဆႏၵ ႏွင့္ ဝီရိယရွိရျခင္း
၃! ေကာင္းေသာ မွန္ေသာ အသိဉာဏ္ရွိရျခင္း
၄! အစီအရင္ကို အရိပ္ျဖင့္မကြယ္ရျခင္း
၅! တစ္စုံတစ္ခုေသာ ဒြါရကိုမပိတ္ရျခင္း
၆! စကားမေျပာရ၊ အင္းမွအပ အျခားသို႔လွည့္မၾကည့္ရျခင္း
၇! မၿပီးခင္ ေခတၱခဏမွ်ျဖစ္ေစ ထ၍မသြားရျခင္း
၈! မိမိစီရင္ေနေသာအင္းမွ တစ္ပါးသို႔ အာ႐ုံမ်ားက ိုမေအာက္ေမ့ မေတြးေတာရျခင္း
အင္းေပါက္ျခင္း လကၡဏာ ငါးပါး
၁! အင္းေဘာင္ခ်င္း မထိေသာေၾကာင့္ ေပါက္ျခင္း
၂! အကၡရာ ဂဏန္း မမွန္၍ ေပါက္ျခင္း
၃! အကၡရာႏွင့္လည္းေကာင္း ဂဏန္းႏွင့္လည္းေကာင္း အင္းေဘာင္ထိ၍ ေပါက္ျခင္း
၄! ဂဏန္းေစာင္း၀ိုက္၍ ေပါက္ျခင္း
၅! အင္းကြက္ မညီမၫြတ္၍ ေပါက္ျခင္း
အင္းကန္းျခင္း လကၡဏာ ခုနစ္ပါး
၁! အကၡရာ အင္းသြား မမွန္၍ ကန္းျခင္း
၂! နကၡတ္ မမွတ္၍ ကန္းျခင္း
၃! ဂဏန္း,အကၡရာ အတိုအရွည္ အႀကီးအငယ္ မညီ၍ ကန္းျခင္း
၄! အကၡရာ အေက်ာက္အကန္ အလွည့္ မမွန္၍ ကန္းျခင္း
၅! မသိုးသန္႔ေသာသူ ကိုင္မိ၍ ကန္းျခင္း
၆! သီလ မယူဘဲ ခ်ျခင္းေၾကာင့္ ကန္းျခင္း
၇! ဂါထာအစုတ္အမန္း ခၽြတ္ယြင္း၍ ကန္းျခင္း
အင္းက်ိဳးျခင္း လကၡဏာ ခုနစ္ပါး
၁! အင္းစီရင္ဆဲတြင္ ေနရာမသန္႔၍ က်ိဳးျခင္း
၂! အင္းေဘာင္ ေစာင့္ငဲ့၍ က်ိဳးျခင္း
၃! အင္းစီရင္ဆဲ စကားေျပာ၍ က်ိဳးျခင္း
၄! တြန္႔ခပ္လူးလဲ ခ်မိ၍ က်ိဳးျခင္း
၅! အင္းမၿပီးမီ တေနရာမွ တေနရာသို႔ ေနရာေရြ႕ေျပာင္း စီရင္ေသာေၾကာင့္ က်ိဳးျခင္း
၆! အလံုးစံုျပဳ စီရင္အပ္ေသာ အံုျပတ္၍ က်ိဳးျခင္း
၇! စတုရန္း မခတ္မီ အစဥ္အတိုင္းသြားမိ၍ က်ိဳးျခင္း
အဓိကမွာ အင္းစီရင္သူ၏ အဂၤါ ၈-ပါးျဖစ္ေသာ္လဲ အင္းက်ိဳး အင္းကန္း အင္းေပါက္ျခင္း ၁၉-ပါး တနည္းအားျဖင့္ ၂၁-ပါးကို သတိမူ၍ ေကာင္းစြာ ေရွာင္ၾကဥ္ႏိုင္ရမည္။ အၫႊန္း .... အဂၤ၀ိဇၨာဋီကာႀကီး တတိယတြဲ
အစီအရင္မ်ားကို စီရင္ၿပီးေသာအခါ
၁! "ယံ ဒုႏၷိမိတၱံ" အစခ်ီ ၃-ဂါထာပူေဇာ္၍ အင္းမပ်က္ ေအာင္ သိမ္းဆည္းရျခင္း
၂! ၃၁-ဘံုသားမ်ား ေမတၱာပို႔သ အမွ်ေ၀ရျခင္း
၃! အန၀ဇၨ သုခ၀ိပါက၊ အနာကုလာစ ကမၼႏၲာ မဂၤလာ၊ အန၀ဇၨာနိ ကမၼာနိ မဂၤလာ၊ ဗာဟုသစၥဥၥ သိပၸဥၥ မဂၤလာ တို႔ႏွင့္ ျပည့္စံုေသာ ပညာကို သံုးခြင့္ရ၍ ရွင္ေတာ္ဘုရား မိန္႔ၾကားေသာ မဂၤလာျဖည့္က်က္ရာမည္၏ ဟု ၀မ္းေျမာက္ ၀မ္းသာ ဆင္ျခင္ရျခင္း
အင္း-စမ တို႔ကို စီရင္ရာတြင္
ငါးပါးသီလ ထိန္းသူ မည္သူမဆို စီရင္ေပး၍ရသည္
သို႔ေသာ္ အင္းသက္သြင္းေသာအခါ
ဆရာသမားတို႔ ခြင့္ျပဳခ်က္ရေသာ
ပုဂၢိဳလ္ကသာ အင္းစမ အသက္သြင္းရမည္။
ဆရာေက်ာ္ဆန္းလြင္
Saturday, September 8, 2018
ထြက္ရပ္ေပါက္မွာတမ္း
ဆရာႀကီး ဦးရာဇိႏၵ
သာသနာ သကၠရာဇ္ ၂၅၁၂-ခု၊ ေကာဇာ သကၠရာဇ္ ၁၃၃၀ ခုႏွစ္
ထြက္ရပ္ေပါက္မွာတမ္း
(မီးရထားသံုးေခါက္၊ ခုႏွစ္ဆယ့္ငါးေယာက္)၊ သတင္းေထာက္ အင္းေပါက္တဲ့ ေရႊေညာင္ရြာ၊ ရထားက ဒီဇယ္မွာ၊ စီးသူခုႏွစ္ဆယ့္ငါး သိဒၶိအင္းေပါက္လို႔သြား
"မွတ္ပါရစ္ေစ၊ မွာကဲ့ေပအံ့၊ ရေထသဘ၊ ရာဇိႏၵဟု သက်ႏြယ္လာ မ်ိဳးဥဂၢါမွ ဘြားကာပြင့္ထ ေဂါတမဟု နာမသညာ ေစာျမတ္စြာ၏ သာသနာသကၠရာဇ္ တ၀က္ေခတ္၌ ဆယ့္ႏွစ္စြန္းလာ ႏွစ္ေကာဇာကား ဧကႀတိန္း တႎသကိန္းတင္ လြတ္ၿငိမ္းခ်မ္းသာ အင္းရာဇာ၏ စိႏၲာမယ ဂိုဏ္းေတဇေၾကာင့္ ဒါန္းလွ-ေတာ္ရင္း မိတ္ဓာတ္ခ်င္းမို႔ ေအာင္ခ်င္းမဂၤလာ ထြက္ေျမာက္ရာ၀ယ္ ေနာက္ပါႏွစ္ဦး ပစၥည္းထူးေၾကာင့္ ၾကည္ႏူးရႊင္ပ် သဟဇႏွင့္ ဥပနိႆယာ ေၾကာင္းႏွစ္ျဖာကို မွန္စြာမူရင္း ေဖာ္ထုတ္ျခင္းေၾကာင့္ ဆင္မင္းနဂါး ႂကြက္သားေမာင္ငယ္ ထြက္ရပ္ဆြယ္လ်က္ မွတ္ဖြယ္မီးရထား ေခတ္ဟုထား၍ ေနာက္သား-ေနာင္လာ သိစိမ့္ငွါဟု ေသခ်ာက်န ေရး၍ျပမည္ ၀,ယ,မ,ပ ေလးဆင့္က်ေအာင္ ေစာင့္ထသီလ န၀ဂၤႏွင့္ စားၾကသက္လြတ္ ေမတၱာၫႊတ္၍ မခၽြတ္နိစၥ အာဇီ၀ကို လံုၾကေလေအာင္ သတိေဆာင္လ်က္ လူ႔ေဘာင္မွထြက္ ဓိ႒ာန္ခ်က္ျဖင့္ မပ်က္မယြင္း ပစၥည္းအင္းကို မ်ိဳသြင္း၀င္ထြက္ သတ္ဗီႏွက္ တဆက္လက္စိႏၲာ အင္းမဟာကို ေဒ၀ါသိၾကား ျဗဟၼာမ်ားႏွင့္ ၫႊန္ၾကား အရိယာ ေထရ္မဟာ-ေထရ္ျမတ္လွတို႔ ဆံုးမ၍သာ ခ်ီးျမွင့္လာမည့္ ထြက္ရာသိဒၶိေပါက္ေၾကာင္းတည္း"
[Unicode Font]
ဆရာႀကီး ဦးရာဇိန္ဒ
သာသနာ သက္ကရာဇ် ၂၅၁၂-ခု၊ ကောဇာ သက္ကရာဇ် ၁၃၃၀ ခုနှစ်
ထွက်ရပ်ပေါက်မှာတမ်း
(မီးရထားသုံးခေါက်၊ ခုနှစ်ဆယ့်ငါးယောက်)၊ သတင်းထောက် အင်းပေါက်တဲ့ ရွှေညောင်ရွာ၊ ရထားက ဒီဇယ်မှာ၊ စီးသူခုနှစ်ဆယ့်ငါး သိဒ္ဓိအင်းပေါက်လို့သွား
"မှတ်ပါရစ်စေ၊ မှာကဲ့ပေအံ့၊ ရထေသဘ၊ ရာဇိန္ဒဟု သကျနွယ်လာ မျိုးဥဂ္ဂါမှ ဘွားကာပွင့်ထ ဂေါတမဟု နာမသညာ စောမြတ်စွာ၏ သာသနာသက္ကရာဇ် တဝက်ခေတ်၌ ဆယ့်နှစ်စွန်းလာ နှစ်ကောဇာကား ဧကတြိန်း တိံသကိန်းတင် လွတ်ငြိမ်းချမ်းသာ အင်းရာဇာ၏ စိန္တာမယ ဂိုဏ်းတေဇကြောင့် ဒါန်းလှ-တော်ရင်း မိတ်ဓာတ်ချင်းမို့ အောင်ချင်းမင်္ဂလာ ထွက်မြောက်ရာဝယ် နောက်ပါနှစ်ဦး ပစ္စည်းထူးကြောင့် ကြည်နူးရွှင်ပျ သဟဇနှင့် ဥပနိဿယာ ကြောင်းနှစ်ဖြာကို မှန်စွာမူရင်း ဖော်ထုတ်ခြင်းကြောင့် ဆင်မင်းနဂါး ကြွက်သားမောင်ငယ် ထွက်ရပ်ဆွယ်လျက် မှတ်ဖွယ်မီးရထား ခေတ်ဟုထား၍ နောက်သား-နောင်လာ သိစိမ့်ငှါဟု သေချာကျန ရေး၍ပြမည် ဝ,ယ,မ,ပ လေးဆင့်ကျအောင် စောင့်ထသီလ နဝင်္ဂနှင့် စားကြသက်လွတ် မေတ္တာညွှတ်၍ မချွတ်နိစ္စ အာဇီဝကို လုံကြလေအောင် သတိဆောင်လျက် လူ့ဘောင်မှထွက် ဓိဋ္ဌာန်ချက်ဖြင့် မပျက်မယွင်း ပစ္စည်းအင်းကို မျိုသွင်းဝင်ထွက် သတ်ဗီနှက် တဆက်လက်စိန္တာ အင်းမဟာကို ဒေဝါသိကြား ဗြဟ္မာများနှင့် ညွှန်ကြား အရိယာ ထေရ်မဟာ-ထေရ်မြတ်လှတို့ ဆုံးမ၍သာ ချီးမြှင့်လာမည့် ထွက်ရာသိဒ္ဓိပေါက်ကြောင်းတည်း"
Subscribe to:
Posts (Atom)